စတာရစ်ခ်ျရဲ့ အိတ်တွေအပြင် ခွေးကိုပါ ခိုးသွားတဲ့ သူခိုးတွေကို DNA နဲ့ လိုက်ဖမ်းပြီ
0
75
စတာရစ်ခ်ျဟာ အမေရိကန် နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မြို့ရှိ သူ့ရဲ့ နေအိမ်ကို သူခိုး ဝင်ရောက် မွှေနှောက်ပြီးနောက်ပိုင်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဗီဒီယိုရိုက်ပြီး ပရိသတ်တွေထံ မျှဝေပေးခဲ့ပါတယ်။ သူခိုးတွေဟာ ညဥ့်နက်သန်းခေါင်ကျော်မှာ စတာရစ်ခ်ျရဲ့ အိမ်ထဲကို ကျူးကျော်ဝင်ရောက်ခဲ့ကြတာ ဖြစ်ပြီး စတာရစ်ခ်ျကတော့ သူ့ရဲ့ ခွေးကို ပြန်ရဖို့ အတွက် ပိုက်ဆံနဲ့ အလိုက်ပေးပြီး ကမ်းလှမ်းခဲ့ပါတယ်။
လီဗာပူ အသင်းရဲ့ ကစားသမားဟောင်း တစ်ယောက် ဖြစ်တဲ့ အသက် (၂၉) နှစ်အရွယ် စတာရစ်ခ်ျဟာ သူခိုးများ ရိုက်ခွဲသွားတဲ့ မှန်ကွဲ အပိုင်း အစများကို သူ့ရဲ့ ပရိသတ်များကို ဗီဒီယိုမှ တစ်ဆင့် ပြသခဲ့ပြီး သူ့ရဲ့ အချစ်တော် ခွေးလေးကို အမြန်ဆုံး သူ့ဆီ ပြန်လာဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ လက်ရှိ အချိန်မှာတော့ စတာရစ်ခ်ျဟာ သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာကတစ်ဆင့် သူ့ရဲ့ ခွေးလေး Lucci ကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာနိုင်တဲ့ သူကို ပေါင် (၃) သောင်း ဆုချသွားမှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
Unicode
စတာရစ်ချ်ဟာ အမေရိကန် နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မြို့ရှိ သူ့ရဲ့ နေအိမ်ကို သူခိုး ဝင်ရောက် မွှေနှောက်ပြီးနောက်ပိုင်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဗီဒီယိုရိုက်ပြီး ပရိသတ်တွေထံ မျှဝေပေးခဲ့ပါတယ်။ သူခိုးတွေဟာ ညဉ့်နက်သန်းခေါင်ကျော်မှာ စတာရစ်ချ်ရဲ့ အိမ်ထဲကို ကျူးကျော်ဝင်ရောက်ခဲ့ကြတာ ဖြစ်ပြီး စတာရစ်ချ်ကတော့ သူ့ရဲ့ ခွေးကို ပြန်ရဖို့ အတွက် ပိုက်ဆံနဲ့ အလိုက်ပေးပြီး ကမ်းလှမ်းခဲ့ပါတယ်။
စတာရစ်ချ်ရဲ့ ခွေးဖြစ်တဲ့ Lucky Lucci ဟာလွန်ခဲ့တဲ့ တစ်နှစ်ခွဲက စတာရစ်ချ်ဆီ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး Husky မျိုးစိတ် ခွေးတစ်ကောင်လည်း ဖြစ်ပါတယ်။ သူခိုးများ ခိုးယူသွားတဲ့ တန်ဖိုးက ပေါင် (၁.၂) သန်း အထိ တန်ဖိုးရှိပြီး လက်ရှိ အချိန်မှာတော့ အိမ်ထဲမှာ ကျန်ခဲ့တဲ့ သူခိုးတွေရဲ့ DNA စစ်ချက်များကို ရဲအရာရှိများက ရယူပြီး ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
လီဗာပူ အသင်းရဲ့ ကစားသမားဟောင်း တစ်ယောက် ဖြစ်တဲ့ အသက် (၂၉) နှစ်အရွယ် စတာရစ်ချ်ဟာ သူခိုးများ ရိုက်ခွဲသွားတဲ့ မှန်ကွဲ အပိုင်း အစများကို သူ့ရဲ့ ပရိသတ်များကို ဗီဒီယိုမှ တစ်ဆင့် ပြသခဲ့ပြီး သူ့ရဲ့ အချစ်တော် ခွေးလေးကို အမြန်ဆုံး သူ့ဆီ ပြန်လာဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ လက်ရှိ အချိန်မှာတော့ စတာရစ်ချ်ဟာ သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာကတစ်ဆင့် သူ့ရဲ့ ခွေးလေး Lucci ကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာနိုင်တဲ့ သူကို ပေါင် (၃) သောင်း ဆုချသွားမှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
စတာရစ်ချ် ကိုယ်တိုင်ကလည်း သူ့ရဲ့ ဗီဒီယိုမှတစ်ဆင့် “အားလုံး နားထောင်ကြပါ။ LA မှာ ရှိတဲ့ ကျွန်တော့်ရဲ့ အိမ်ကို တစ်ယောက်ယောက်က ဖောက်ထွင်း ဝင်ရောက်ခဲ့ပြီး ကျွန်တော့် ခွေးကို ယူသွားပါတယ်။ နားထောင်ဗျာ။ ဘယ်သူက ကျွန်တော့် ခွေးကို ဒီလို ယူသွားရတာလဲ။ ကျွန်တော့်ခွေးကိုသာ ပြန်ရမယ်ဆိုရင် ကျွန်တော် ဘာမဆို ပြန်ပေးပါ့မယ်။ ကျွန်တော့် ခွေးကို ဘာကြောင့် ယူသွားတာလဲ။ အပေါ်ထပ်က ကျွန်တော့်အိတ်တွေကို ဘာကြောင့် သယ်သွားရတာလဲ။” ဆိုပြီး ပြောကြားခဲ့တယ်လို့ သိရှိ ရပါတယ်။
Via – Myanball