ဟာဇက္တစ္ေယာက္ ခ်ဲလ္ဆီး အသင္းကုိ သံေယာစဥ္ မျပတ္ေသးဘူးလား ???

0
174

လက္ရွိ ေႏြရာသီ အေျပာင္း အေရႊ႕မွာ ခ်ဲလ္ဆီး အသင္းကေန ရီးရဲယ္မက္ဒရစ္ အသင္းကို ေျပာင္းေရႊ႕ သြားခ့ဲတ့ဲ ဟာဇက္ဟာ အခုထိ သူ႔ရဲ႕ အသင္းေဟာင္း ခ်ဲလ္ဆီး အသင္းကို သံေယာစဥ္ မျပတ္ေသးတ့ဲ ပုံစံေတြ ျမင္ေတြ႕ခ့ဲရတယ္လို႔ သိရွိ ရပါတယ္။ အသက္ (၂၈) ႏွစ္ အရြယ္ ဘယ္လ္ဂ်ီယံ လက္ေရြးစင္ အသင္းေခါင္းေဆာင္ဟာ ရီးရဲယ္မက္ဒရစ္ အသင္းကို ေျပာင္းေရႊ႕ေၾကး ေပါင္ (၈၈) သန္းနဲ႔ ေျပာင္းေရႊ႕လာခ့ဲတာ ျဖစ္ၿပီး ခ်ဲလ္ဆီး အသင္းနဲ႔ လမ္းမခြဲခင္ ေနာက္ဆံုး အခ်ိန္မွာ ယူရိုပါလိဂ္ ဖလား တစ္လံုးကို ရယူေပးႏုိင္ခ့ဲပါေသးတယ္။

လက္ရွိ အခ်ိန္မွာေတာ့ ရီးရဲယ္မက္ဒရစ္ အသင္းနဲ႔ အတူ ရာသီႀကိဳ ေျခစမ္း ခရီးစဥ္ အျဖစ္ အေမရိကကို ေရာက္ရွိလာခ့ဲတ့ဲ ဟာဇက္ကုိ မြန္႔ရီယဲယ္ ေလဆိပ္မွာ ဗုဒၶဟူးေန႔ မနက္က ျမင္ေတြ႕ခ့ဲရၿပီး မ်က္စိလွ်င္တ့ဲ ပရိသတ္ တခ်ိဳ႕ကေတာ့ ဟာဇက္ လက္ထဲက ဖုန္းကာဗာမွာ ခ်ဲလ္ဆီး ဂ်ာစီ ဝတ္ဆင္ထားတ့ဲ ကေလး သံုးေယာက္ကုိ ျမင္ေတြ႕ခ့ဲရေၾကာင္း ေဖာက္သည္ခ်လာၾကတာလည္း ျဖစ္ပါတယ္။ ေလယာဥ္ေပၚက ဆင္းလာတ့ဲ ဟာဇက္ဟာ ရီးရဲယ္မက္ဒရစ္ စပို႔ရွပ္နဲ႔ အတူ ေက်ာပိုးအိတ္ တစ္လံုးကို လြယ္ထားၿပီး လက္ထဲမွာေတာ့ အခုလိုပဲ ခ်ဲလ္ဆီး နဲ႔ ပတ္သက္တ့ဲ အမွတ္တရေတြ ရွိေနတ့ဲ ဖုန္းနဲ႔ ဖုန္းကာဗာကို ကိုင္ေဆာင္ထားခ့ဲတာ ျဖစ္ပါတယ္။

ရီးရဲယ္မက္ဒရစ္ အသင္းဟာ အေမရိကကို ICC ဖလား ၿပိဳင္ပြဲ ယွဥ္ၿပိဳင္ ကစားဖုိ႔ ေရာက္ရွိ လာတာ ျဖစ္ၿပီး လာမယ့္ ဇူလိုင္လ (၂၀) ရက္ေန႔မွာ ဘုိင္ယန္ျမဴးနစ္ အသင္းနဲ႔ ဟူစတန္ၿမိဳ႕မွာ အဖြင့္ပြဲကုိ ယွဥ္ၿပိဳင္ ကစားသြားၾကမွာ ျဖစ္ပါတယ္။ အ့ဲဒီေနာက္မွာေတာ့ ရီးရဲယ္မက္ဒရစ္ အသင္း အေနနဲ႔ အာဆင္နယ္၊ အက္သလက္တီကို အသင္းတို႔နဲ႔ ေျခစမ္း ကစားသြားမွာ ျဖစ္ၿပီး ဟာဇက္ တစ္ေယာက္ အဆုိပါပြဲေတြမွာ အသင္းသစ္အတြက္ ေျခစြမ္းျပ ကစားႏုိင္မလား ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

လက္ရွိ အခ်ိန္မွာ ဟာဇက္ အေနနဲ႔ ရီးရဲယ္မက္ဒရစ္ အသင္းမွာ တစ္ပတ္ လုပ္ခ ေပါင္ (၄) သိန္း ရရွိမွာ ျဖစ္ၿပီး အဆုိပါ ႏႈန္းထား အရ တစ္ႏွစ္လုပ္ခ ေပါင္ (၂၀.၈) သန္း၊ တစ္လ လုပ္ခ ေပါင္ (၁.၇) သန္း၊ တစ္ရက္လုပ္ခ (၅၇,၁၄၃) ေပါင္၊ တစ္နာရီ လုပ္ခ (၂,၃၈၀) ေပါင္၊ တစ္မိနစ္ လုပ္ခ (၃၉,၇၀) ေပါင္ ရရွိမွာလည္း ျဖစ္ပါတယ္။ ဟာဇက္ တစ္ေယာက္ ရရွိေနတ့ဲ လစာနဲ႔ ထိုက္တန္တ့ဲ ေျခစြမ္းကို လာမယ့္ ရာသီႀကိဳ ေျခစမ္းပြဲေတြမွာတင္ ျပသႏုိင္မလား စိတ္ဝင္တစား ေစာင့္ၾကည့္ရမွာလည္း ျဖစ္ပါတယ္။

( Unicode Version )

လက်ရှိ နွေရာသီ အပြောင်း အရွှေ့မှာ ချဲလ်ဆီး အသင်းကနေ ရီးရဲယ်မက်ဒရစ် အသင်းကို ပြောင်းရွှေ့ သွားခဲ့တဲ့ ဟာဇက်ဟာ အခုထိ သူ့ရဲ့ အသင်းဟောင်း ချဲလ်ဆီး အသင်းကို သံယောစဉ် မပြတ်သေးတဲ့ ပုံစံတွေ မြင်တွေ့ခဲ့ရတယ်လို့ သိရှိ ရပါတယ်။ အသက် (၂၈) နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းခေါင်းဆောင်ဟာ ရီးရဲယ်မက်ဒရစ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် (၈၈) သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ချဲလ်ဆီး အသင်းနဲ့ လမ်းမခွဲခင် နောက်ဆုံး အချိန်မှာ ယူရိုပါလိဂ် ဖလား တစ်လုံးကို ရယူပေးနိုင်ခဲ့ပါသေးတယ်။

လက်ရှိ အချိန်မှာတော့ ရီးရဲယ်မက်ဒရစ် အသင်းနဲ့ အတူ ရာသီကြို ခြေစမ်း ခရီးစဉ် အဖြစ် အမေရိကကို ရောက်ရှိလာခဲ့တဲ့ ဟာဇက်ကို မွန့်ရီယဲယ် လေဆိပ်မှာ ဗုဒ္ဓဟူးနေ့ မနက်က မြင်တွေ့ခဲ့ရပြီး မျက်စိလျှင်တဲ့ ပရိသတ် တချို့ကတော့ ဟာဇက် လက်ထဲက ဖုန်းကာဗာမှာ ချဲလ်ဆီး ဂျာစီ ဝတ်ဆင်ထားတဲ့ ကလေး သုံးယောက်ကို မြင်တွေ့ခဲ့ရကြောင်း ဖောက်သည်ချလာကြတာလည်း ဖြစ်ပါတယ်။ လေယာဉ်ပေါ်က ဆင်းလာတဲ့ ဟာဇက်ဟာ ရီးရဲယ်မက်ဒရစ် စပို့ရှပ်နဲ့ အတူ ကျောပိုးအိတ် တစ်လုံးကို လွယ်ထားပြီး လက်ထဲမှာတော့ အခုလိုပဲ ချဲလ်ဆီး နဲ့ ပတ်သက်တဲ့ အမှတ်တရတွေ ရှိနေတဲ့ ဖုန်းနဲ့ ဖုန်းကာဗာကို ကိုင်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။

ရီးရဲယ်မက်ဒရစ် အသင်းဟာ အမေရိကကို ICC ဖလား ပြိုင်ပွဲ ယှဉ်ပြိုင် ကစားဖို့ ရောက်ရှိ လာတာ ဖြစ်ပြီး လာမယ့် ဇူလိုင်လ (၂၀) ရက်နေ့မှာ ဘိုင်ယန်မြူးနစ် အသင်းနဲ့ ဟူစတန်မြို့မှာ အဖွင့်ပွဲကို ယှဉ်ပြိုင် ကစားသွားကြမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ရီးရဲယ်မက်ဒရစ် အသင်း အနေနဲ့ အာဆင်နယ်၊ အက်သလက်တီကို အသင်းတို့နဲ့ ခြေစမ်း ကစားသွားမှာ ဖြစ်ပြီး ဟာဇက် တစ်ယောက် အဆိုပါပွဲတွေမှာ အသင်းသစ်အတွက် ခြေစွမ်းပြ ကစားနိုင်မလား စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာ ဟာဇက် အနေနဲ့ ရီးရဲယ်မက်ဒရစ် အသင်းမှာ တစ်ပတ် လုပ်ခ ပေါင် (၄) သိန်း ရရှိမှာ ဖြစ်ပြီး အဆိုပါ နှုန်းထား အရ တစ်နှစ်လုပ်ခ ပေါင် (၂၀.၈) သန်း၊ တစ်လ လုပ်ခ ပေါင် (၁.၇) သန်း၊ တစ်ရက်လုပ်ခ (၅၇,၁၄၃) ပေါင်၊ တစ်နာရီ လုပ်ခ (၂,၃၈၀) ပေါင်၊ တစ်မိနစ် လုပ်ခ (၃၉,၇၀) ပေါင် ရရှိမှာလည်း ဖြစ်ပါတယ်။ ဟာဇက် တစ်ယောက် ရရှိနေတဲ့ လစာနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကို လာမယ့် ရာသီကြို ခြေစမ်းပွဲတွေမှာတင် ပြသနိုင်မလား စိတ်ဝင်တစား စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

Via – Myanball