ဇာဟာကိုေခၚယူဖို႔အတြက္ ေျပာင္းေရႊ႕ေၾကးအျပင္ အသင္းရဲ႕ ကစားသမား (၃) ဦးထိအလိုက္ေပးကမ္းလွမ္းသြားမယ့္ အာဆင္နယ္

0
68

ခရစၥတယ္ပဲေလ့စ္အသင္း ရဲ႕ အဓိက ကစားသမားတစ္ဦးျဖစ္တဲ့ ဇာဟာကိုေခၚယူဖို႔အတြက္ အာဆင္နယ္အသင္းရဲ႕ ေပါင္သန္း (၄၀) နဲ႔ ကနဦးကမ္းလွမ္းမႈကို ပယ္ခ်ခံခဲ့ရၿပီးေနာက္မွာေတာ့ ေနာက္ထပ္ကမ္းလွမ္းမႈတစ္ခုကို ျပဳလုပ္ဖုိ႔အတြက္ အာဆင္နယ္အသင္း စီစဥ္လာခဲ့ ပါတယ္။ဇာဟာကိုေခၚယူဖို႔အတြက္ ေျပာင္းေရႊ႕ေၾကးအျပင္ အသင္းရဲ႕ ကစားသမား (၃) ဦးထိကို အလိုက္ေပးမယ္လို႔ အာဆင္နယ္အ သင္း ထူးထူးျခားျခားပဲဆိုခဲ့တာပါ။အာဆင္နယ္အသင္း ကမ္းလွမ္းခဲ့တဲ့ ေျပာင္းေရႊ႕ေၾကးထက္ ႏွစ္ဆကို ခရစၥတယ္ပဲေလ့စ္အသင္းက အလိုရွိေနတာေၾကာင့္ အသင္းမွာ ပြဲထြက္ခြင့္ေပ်ာက္ဆံုးေနတဲ့ ခ်မ္ဘာ ၊ အယ္နီနီ နဲ႔ ယန္ကင္ဆန္တို႔ကို အလိုက္ေပးလဲလွယ္ဖို႔အထိကို အာဆင္နယ္အသင္း ဆံုးျဖတ္ခဲ့တာပါ။

ဇာဟာကို (၂၀၁၅) ခုႏွစ္မွာ မန္ခ်က္စတာ ယူႏို္က္တက္အသင္းထံကေန ေပါင္(၆) သန္းနဲ႔ ခရစၥတယ္ပဲေလ့စ္အ သင္းေခၚယူႏိုင္ ခဲ့တယ္ ဆိုေပမယ့္ အဲ့ဒီအခိ်န္က ခ်ဳပ္ဆိုထားခဲ့တဲ့ စာခ်ဳပ္အရ ဇာဟာကိုေရာင္းခ်ရတဲ့ ေငြေၾကးအျမတ္အစြန္းထဲက (၂၅) ရာခိုင္ႏႈန္းကို မန္ခ်က္စ တာ ယူႏိုက္တက္အသင္းထံ ေပးေခ်ရဖို႔ရွိေနတာက ဇာဟာရဲ႕ အေျပာင္းအေရႊ႕ကို ေႏွာင့္ေႏွးေစတဲ့ အခ်က္ေတြထဲကတစ္ခုျဖစ္ေနပါ တယ္။အသင္းနဲ႔အတူ ၿပီးခဲ့တဲ့ႏွစ္ ၾသဂုတ္လကမွ စာခ်ဳပ္သစ္ခ်ဳပ္ဆိုထားခဲ့တဲ့ ဇာဟာဟာ တစ္ပတ္လုပ္ခ ေပါင္ (၁၃၀ ၀၀၀) ရရွိေနခဲ့ သ လို စာခ်ဳပ္သက္တမ္းကလည္း (၄) ႏွစ္ေလာက္က်န္ရွိေနပါေသးတယ္။အာဆင္နယ္အသင္းဟာ ဇာဟာရဲ႕ ငယ္စဥ္တည္းက အားေပး ခဲ့တဲ့အသင္းျဖစ္တာေၾကာင့္ ကစားသမားကိုယ္တိုင္ကေတာ့ အသင္းေျပာင္းေရႊ႕ခ်င္ေနေပမယ့္ ခရစၥတယ္ပဲေလ့စ္အသင္းကေတာ့ အ နည္းဆံုး ေပါင္သန္း (၈၀) မွမရရင္ေရာင္းခ်မွာမဟုတ္ဘူးလို႔ ဆိုထားပါတယ္။

[ Unicode ]

ခရစ္စတယ်ပဲလေ့စ်အသင်း ရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဇာဟာကိုခေါ်ယူဖို့အတွက် အာဆင်နယ်အသင်းရဲ့ ပေါင်သန်း (၄၀) နဲ့ ကနဦးကမ်းလှမ်းမှုကို ပယ်ချခံခဲ့ရပြီးနောက်မှာတော့ နောက်ထပ်ကမ်းလှမ်းမှုတစ်ခုကို ပြုလုပ်ဖို့အတွက် အာဆင်နယ်အသင်း စီစဉ်လာခဲ့ ပါတယ်။ဇာဟာကိုခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေးအပြင် အသင်းရဲ့ ကစားသမား (၃) ဦးထိကို အလိုက်ပေးမယ်လို့ အာဆင်နယ်အ သင်း ထူးထူးခြားခြားပဲဆိုခဲ့တာပါ။အာဆင်နယ်အသင်း ကမ်းလှမ်းခဲ့တဲ့ ပြောင်းရွှေ့ကြေးထက် နှစ်ဆကို ခရစ္စတယ်ပဲလေ့စ်အသင်းက အလိုရှိနေတာကြောင့် အသင်းမှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ ချမ်ဘာ ၊ အယ်နီနီ နဲ့ ယန်ကင်ဆန်တို့ကို အလိုက်ပေးလဲလှယ်ဖို့အထိကို အာဆင်နယ်အသင်း ဆုံးဖြတ်ခဲ့တာပါ။

ဇာဟာကို (၂၀၁၅) ခုနှစ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းထံကနေ ပေါင်(၆) သန်းနဲ့ ခရစ္စတယ်ပဲလေ့စ်အ သင်းခေါ်ယူနိုင် ခဲ့တယ် ဆိုပေမယ့် အဲ့ဒီအချိန်က ချုပ်ဆိုထားခဲ့တဲ့ စာချုပ်အရ ဇာဟာကိုရောင်းချရတဲ့ ငွေကြေးအမြတ်အစွန်းထဲက (၂၅) ရာခိုင်နှုန်းကို မန်ချက်စ တာ ယူနိုက်တက်အသင်းထံ ပေးချေရဖို့ရှိနေတာက ဇာဟာရဲ့ အပြောင်းအရွှေ့ကို နှောင့်နှေးစေတဲ့ အချက်တွေထဲကတစ်ခုဖြစ်နေပါ တယ်။အသင်းနဲ့အတူ ပြီးခဲ့တဲ့နှစ် သြဂုတ်လကမှ စာချုပ်သစ်ချုပ်ဆိုထားခဲ့တဲ့ ဇာဟာဟာ တစ်ပတ်လုပ်ခ ပေါင် (၁၃၀ ၀၀၀) ရရှိနေခဲ့ သ လို စာချုပ်သက်တမ်းကလည်း (၄) နှစ်လောက်ကျန်ရှိနေပါသေးတယ်။အာဆင်နယ်အသင်းဟာ ဇာဟာရဲ့ ငယ်စဉ်တည်းက အားပေး ခဲ့တဲ့အသင်းဖြစ်တာကြောင့် ကစားသမားကိုယ်တိုင်ကတော့ အသင်းပြောင်းရွှေ့ချင်နေပေမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းကတော့ အ နည်းဆုံး ပေါင်သန်း (၈၀) မှမရရင်ရောင်းချမှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။

Via – Tharyarwady