တ႐ုတ္စူပါလိဂ္ကလပ္အသင္းက ဂါရတ္ေဘးလ္ကို လန္ျပန္ထြက္သြားမယ့္ ေငြပမာဏနဲ႔ ကမ္းလွမ္း

0
91

ရီးရဲလ္မက္ဒရစ္အသင္းအနာဂတ္ ေပ်ာက္ရွေနတဲ့ ေဝးလ္ေတာင္ပံတိုက္စစ္မွဴး ဂါရတ္ေဘးလ္ရဲ႕ အေရြ႕က ေစာင့္ၾကည့္ခ်င္စရာေကာင္းေနပါတယ္။ ဂါရတ္ေဘးလ္ဟာ ရီးရဲလ္မက္ဒရစ္အသင္း ေအာင္ျမင္မႈေတြရခဲ့ရာမွာ အေကာင္းဆံုးေျခစြမ္းျပ ကစားေပးခဲ့ပါတယ္။ သူဟာ တကယ္တမ္းလည္း ရီးရဲလ္အသင္းအတြက္ အဖိုးတန္ဂိုးေတြ သြင္းေပးႏိုင္ခဲ့ပါတယ္။ ဂါရတ္ေဘးလ္ဟာ ရီးရဲလ္မက္ဒရစ္ရဲ႕ ဟီး႐ိုးျဖစ္ခဲ့ၿပီးေနာက္ လက္ရိွအခ်ိန္မွာေတာ့ ဗီလိန္တစ္ဦးျဖစ္ေနပါတယ္။ သူဟာ ရီးရဲလ္ကို ျပန္ေရာက္လာခဲ့တဲ့နည္းျပ ဇီဒန္းနဲ႕ ဆက္ဆံေရး ဆိုးရြားခဲ့ပါတယ္။ ဒါ့အျပင္ ဂါရတ္ေဘးလ္ဟာ ရီးရဲလ္ပရိသတ္ေတြနဲ႕လည္း ဆက္ဆံေရးအက္ေၾကာင္းကြဲ ျဖစ္ေနပါတယ္။ ဂါရတ္ေဘးလ္ဟာ ၂၀၁၈-၁၉ ရာသီမွာ ေျခစြမ္းမျပႏိုင္ခဲ့ဘဲ ႐ုန္းကန္ခဲ့ရပါတယ္။

ရီးရဲလ္ပရိသတ္ေတြကလည္း တစ္ရာသီလံုး ေတာက္ေလ်ွာက္ ေဘးလ္ကို ေဝဖန္ေလွာင္ေျပာင္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ဂါရတ္ေဘးလ္ဟာ ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္မွာ ပါဝင္ဖို႔ အသင္းကို ကားနဲ႔လာခဲ့ရာမွာ ပရိသတ္ေတြက ျပင္းျပင္းထန္ထန္ေဝဖန္ခဲ့ပါတယ္။ သည္ဆန္းသတင္းစာရဲ႕ေဖာ္ျပခ်က္အရ အမည္မေဖာ္လိုတဲ့ တ႐ုတ္စူပါလိဂ္ ကလပ္အသင္းတစ္သင္းဟာ ဂါရတ္ေဘးလ္ကို မက္ေလာက္ဖြယ္ ေငြေၾကးပမာဏနဲ႔ ကမ္းလွမ္းထားေၾကာင္း သိရပါတယ္။ အယ္ခ်ီရင္ဂူတိုက ဂါရတ္ေဘးလ္နဲ႔ တ႐ုတ္စူပါလိဂ္ကလပ္အေၾကာင္း ေရးသားခဲ့တာကို သည္ဆန္းက ျပန္လည္ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။ တကယ္လို႔ ဂါရတ္ေဘးလ္သာ တ႐ုတ္စူပါလိဂ္ သြားကစားရင္ သူရမယ့္ လစာက လန္ျပန္ထြက္ေနမွာပါ။

ေဘးလ္ဟာ လက္ရိွ ရီးရဲလ္မွာ တစ္ပတ္လုပ္ခလစာ ေပါင္ ၆ သိန္းနီးပါးရေနပါတယ္။ သူဟာ တ႐ုတ္စူပါလိဂ္ေရာက္ရင္ တစ္ပတ္လုပ္ခလစာ ေပါင္ ၁ ဒသမ ၂ သန္းရမွာပါ။ ဂါရတ္ေဘးလ္ဟာ ရီးရဲလ္မွာ တစ္ႏွစ္လုပ္ခလစာ ေပါင္ ၃၁ ဒသမ ၂ သန္းရေနၿပီး တ႐ုတ္စူပါလိဂ္ေျပာင္းရင္ ေပါင္ ၆၂ ဒသမ ၄ သန္းရမွာပါ။ သူဟာ တ႐ုတ္စူပါလိဂ္မွာ တစကၠန္႔ကို ေပါင္ ၁ ဒသမ ၉၈ ရမွာျဖစ္ၿပီး တစ္မိနစ္ကို ၁၁၉ ေပါင္ရမွာပါ။ ဂါရတ္ေဘးလ္ရဲ႕ေအးဂ်င့္ ဘားနက္ကေတာ့ ထြက္ေပၚေနတဲ့သတင္းေတြကို မွတ္ခ်က္မေပးပါဘူး။ ေဘးလ္ဟာ တ႐ုတ္ေျပာင္းကစားရင္ လက္ရိွရေနတာထက္ လစာ ၿမိဳးၿမိဳးျမက္ျမက္ အက်ိဳးခံစားခြင့္ရိွေနပါတယ္။

( Unicode )

ရီးရဲလ်မက်ဒရစ်အသင်းအနာဂတ် ပျောက်ရှနေတဲ့ ဝေးလ်တောင်ပံတိုက်စစ်မှူး ဂါရတ်ဘေးလ်ရဲ့ အရွေ့က စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။ ဂါရတ်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်း အောင်မြင်မှုတွေရခဲ့ရာမှာ အကောင်းဆုံးခြေစွမ်းပြ ကစားပေးခဲ့ပါတယ်။ သူဟာ တကယ်တမ်းလည်း ရီးရဲလ်အသင်းအတွက် အဖိုးတန်ဂိုးတွေ သွင်းပေးနိုင်ခဲ့ပါတယ်။ ဂါရတ်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ဟီးရိုးဖြစ်ခဲ့ပြီးနောက် လက်ရှိအချိန်မှာတော့ ဗီလိန်တစ်ဦးဖြစ်နေပါတယ်။ သူဟာ ရီးရဲလ်ကို ပြန်ရောက်လာခဲ့တဲ့နည်းပြ ဇီဒန်းနဲ့ ဆက်ဆံရေး ဆိုးရွားခဲ့ပါတယ်။ ဒါ့အပြင် ဂါရတ်ဘေးလ်ဟာ ရီးရဲလ်ပရိသတ်တွေနဲ့လည်း ဆက်ဆံရေးအက်ကြောင်းကွဲ ဖြစ်နေပါတယ်။ ဂါရတ်ဘေးလ်ဟာ ၂၀၁၈-၁၉ ရာသီမှာ ခြေစွမ်းမပြနိုင်ခဲ့ဘဲ ရုန်းကန်ခဲ့ရပါတယ်။

ရီးရဲလ်ပရိသတ်တွေကလည်း တစ်ရာသီလုံး တောက်လျှောက် ဘေးလ်ကို ဝေဖန်လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဂါရတ်ဘေးလ်ဟာ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်မှာ ပါဝင်ဖို့ အသင်းကို ကားနဲ့လာခဲ့ရာမှာ ပရိသတ်တွေက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ သည်ဆန်းသတင်းစာရဲ့ဖော်ပြချက်အရ အမည်မဖော်လိုတဲ့ တရုတ်စူပါလိဂ် ကလပ်အသင်းတစ်သင်းဟာ ဂါရတ်ဘေးလ်ကို မက်လောက်ဖွယ် ငွေကြေးပမာဏနဲ့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။ အယ်ချီရင်ဂူတိုက ဂါရတ်ဘေးလ်နဲ့ တရုတ်စူပါလိဂ်ကလပ်အကြောင်း ရေးသားခဲ့တာကို သည်ဆန်းက ပြန်လည်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့ ဂါရတ်ဘေးလ်သာ တရုတ်စူပါလိဂ် သွားကစားရင် သူရမယ့် လစာက လန်ပြန်ထွက်နေမှာပါ။

ဘေးလ်ဟာ လက်ရှိ ရီးရဲလ်မှာ တစ်ပတ်လုပ်ခလစာ ပေါင် ၆ သိန်းနီးပါးရနေပါတယ်။ သူဟာ တရုတ်စူပါလိဂ်ရောက်ရင် တစ်ပတ်လုပ်ခလစာ ပေါင် ၁ ဒသမ ၂ သန်းရမှာပါ။ ဂါရတ်ဘေးလ်ဟာ ရီးရဲလ်မှာ တစ်နှစ်လုပ်ခလစာ ပေါင် ၃၁ ဒသမ ၂ သန်းရနေပြီး တရုတ်စူပါလိဂ်ပြောင်းရင် ပေါင် ၆၂ ဒသမ ၄ သန်းရမှာပါ။ သူဟာ တရုတ်စူပါလိဂ်မှာ တစက္ကန့်ကို ပေါင် ၁ ဒသမ ၉၈ ရမှာဖြစ်ပြီး တစ်မိနစ်ကို ၁၁၉ ပေါင်ရမှာပါ။ ဂါရတ်ဘေးလ်ရဲ့အေးဂျင့် ဘားနက်ကတော့ ထွက်ပေါ်နေတဲ့သတင်းတွေကို မှတ်ချက်မပေးပါဘူး။ ဘေးလ်ဟာ တရုတ်ပြောင်းကစားရင် လက်ရှိရနေတာထက် လစာ မြိုးမြိုးမြက်မြက် အကျိုးခံစားခွင့်ရှိနေပါတယ်။

Via – Goalgoal