ဆုဖလား အႀကိမ္ ၄၀ ရ ေနာက္ခံလူ အဲလ္ဗက္စ္ကို ေခၚယူဖို႔ မန္စီးတီး စိတ္ဝင္စား

0
67

ပရီးမီးယားလိဂ္ လက္ရိွခ်န္ပီယံ မန္စီးတီးအသင္းဟာ ဘရာဇီး ဝါရင့္ေနာက္ခံလူ အဲလ္ဗက္စ္ကို ေခၚယူဖို႕စိတ္ဝင္စားေနေၾကာင္း အဂၤလန္မီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။ အဲလ္ဗက္စ္ဟာ မၾကာခင္ကမွ ပ႐ိုကစားသမားဘဝ တစ္ေလ်ွာက္ ဆုဖလားအႀကိမ္ ၄၀ ရခဲ့တဲ့ ကစားသမားတစ္ဦးအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ သူဟာ ဘာစီလိုနာအသင္းမွာ ကစားရင္း ေအာင္ျမင္မႈမ်ားစြာ ရခဲ့ပါတယ္။ အဲလ္ဗက္စ္ဟာ စီးရီးေအခ်န္ပီယံ ဂ်ဴဗင္တပ္စ္အသင္းမွာ ကစားခဲ့စဥ္ကလည္း ဆုဖလားေတြ ပိုင္ဆိုင္ခဲ့ပါတယ္။ အဲလ္ဗက္စ္ဟာ ျပင္သစ္ လီဂူးခ်န္ပီယံ ပီအက္စ္ဂ်ီအသင္းအတြက္လည္း ေျခစြမ္းျပကစားခဲ့ၿပီး ဆုဖလားေတြ ရခဲ့ျပန္ပါတယ္။ အဲလ္ဗက္စ္ဟာ ကိုပါအေမရိက ဖလားမွာလည္း ေျခစြမ္းျပကစားခဲ့ၿပီး ၿပိဳင္ပြဲရဲ႕ အေကာင္းဆံုး ကစားသမားဆုကို ရခဲ့ပါတယ္။

သူဟာ ဘရာဇီးလက္ေရြးစင္အသင္းနဲ႔ ကိုပါအေမရိကဆုဖလား ထပ္ရခဲ့တာေၾကာင့္ ကစားသမားဘဝမွာ ဆုဖလား အႀကိမ္ ၄၀ ရလာတာပါ။ အဲလ္ဗက္စ္ဟာနည္းျပ ဂြာဒီယိုလာလက္ေအာက္မွာ ကာလရွည္ၾကာစြာ ကစားခဲ့တဲ့ ပေလယာပါ။ အဲလ္ဗက္စ္ဟာ ပီအက္စ္ဂ်ီအသင္းမွာ ၂ ရာသီၾကာ ကစားခဲ့ၿပီးေနာက္ မၾကာခင္က လမ္းခြဲထားပါတယ္။ ဒါ့ေၾကာင့္ အဲလ္ဗက္စ္ဟာ သူ သြားခ်င္တဲ့အသင္းကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲဲ႕ ေျပာင္းခြင့္ရိွေနပါတယ္။ ဂလိုဘိုအက္စ္ေပၚတီရဲ႕ ေဖာ္ျပခ်က္အရ အဲလ္ဗက္စ္ဟာ သူ႕ကိုေခၚခ်င္တဲ့ ဥေရာပအသင္းေတြရဲ႕ ကမ္းလွမ္းမႈကို နားစြင့္ေနေၾကာင္း သိရပါတယ္။ မန္စီးတီးအသင္းဟာ ေႏြေစ်းကြက္မွာ ကစားသမားေကာင္းေတြကို ေခၚယူေနပါတယ္။

မန္စီးတီးနည္းျပ ဂြာဒီယိုလာဟာ ေဝၚလ္ကာနဲ႕ ယွဥ္ၿပိဳင္ဖို႕အတြက္ အေျပာင္းအေရႊ႕ေစ်းကြက္အတြင္း ညာေနာက္ခံကစားသမား လိုခ်င္ေနပါတယ္။ ဒါ့ေၾကာင့္ မန္စီးတီးအသင္းဟာ အေတြ႕အၾကံဳမ်ားတဲဲ႔ ေနာက္ခံလူ အဲလ္ဗက္စ္ကို ေခၚယူဖို႕ စိတ္ဝင္စားလာတာ ျဖစ္ပါတယ္။ အဲလ္ဗက္စ္ဟာ အခုအခ်ိန္ထိ ကစားအားေကာင္းေနဆဲျဖစ္ၿပီး နည္းျပ ဂြာဒီယိုလာနဲ႕ကလည္း အေၾကာင္းသိေတြ ျဖစ္ပါတယ္။ မန္စီးတီးဟာ အေျပာင္းအေရႊ႕မွာ အက္သလက္တီကိုက ႐ိုဒရီကို စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၆၂ ဒသမ ၈ သန္းနဲ႕ေခၚယူထားပါတယ္။ ဒါ့အျပင္ မန္စီးတီးဟာ ဘယ္ေနာက္ခံလူ အိန္ဂ်လီႏိုနဲ႕ ဂိုးသမားစတက္ဖန္တို႔ကိုလည္း ေခၚထားပါတယ္။

( Unicode )

ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ ဘရာဇီး ဝါရင့်နောက်ခံလူ အဲလ်ဗက်စ်ကို ခေါ်ယူဖို့စိတ်ဝင်စားနေကြောင်း အင်္ဂလန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အဲလ်ဗက်စ်ဟာ မကြာခင်ကမှ ပရိုကစားသမားဘဝ တစ်လျှောက် ဆုဖလားအကြိမ် ၄၀ ရခဲ့တဲ့ ကစားသမားတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သူဟာ ဘာစီလိုနာအသင်းမှာ ကစားရင်း အောင်မြင်မှုများစွာ ရခဲ့ပါတယ်။ အဲလ်ဗက်စ်ဟာ စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်းမှာ ကစားခဲ့စဉ်ကလည်း ဆုဖလားတွေ ပိုင်ဆိုင်ခဲ့ပါတယ်။ အဲလ်ဗက်စ်ဟာ ပြင်သစ် လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းအတွက်လည်း ခြေစွမ်းပြကစားခဲ့ပြီး ဆုဖလားတွေ ရခဲ့ပြန်ပါတယ်။ အဲလ်ဗက်စ်ဟာ ကိုပါအမေရိက ဖလားမှာလည်း ခြေစွမ်းပြကစားခဲ့ပြီး ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရခဲ့ပါတယ်။

သူဟာ ဘရာဇီးလက်ရွေးစင်အသင်းနဲ့ ကိုပါအမေရိကဆုဖလား ထပ်ရခဲ့တာကြောင့် ကစားသမားဘဝမှာ ဆုဖလား အကြိမ် ၄၀ ရလာတာပါ။ အဲလ်ဗက်စ်ဟာနည်းပြ ဂွာဒီယိုလာလက်အောက်မှာ ကာလရှည်ကြာစွာ ကစားခဲ့တဲ့ ပလေယာပါ။ အဲလ်ဗက်စ်ဟာ ပီအက်စ်ဂျီအသင်းမှာ ၂ ရာသီကြာ ကစားခဲ့ပြီးနောက် မကြာခင်က လမ်းခွဲထားပါတယ်။ ဒါ့ကြောင့် အဲလ်ဗက်စ်ဟာ သူ သွားချင်တဲ့အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းခွင့်ရှိနေပါတယ်။ ဂလိုဘိုအက်စ်ပေါ်တီရဲ့ ဖော်ပြချက်အရ အဲလ်ဗက်စ်ဟာ သူ့ကိုခေါ်ချင်တဲ့ ဥရောပအသင်းတွေရဲ့ ကမ်းလှမ်းမှုကို နားစွင့်နေကြောင်း သိရပါတယ်။ မန်စီးတီးအသင်းဟာ နွေဈေးကွက်မှာ ကစားသမားကောင်းတွေကို ခေါ်ယူနေပါတယ်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ ဝေါ်လ်ကာနဲ့ ယှဉ်ပြိုင်ဖို့အတွက် အပြောင်းအရွှေ့ဈေးကွက်အတွင်း ညာနောက်ခံကစားသမား လိုချင်နေပါတယ်။ ဒါ့ကြောင့် မန်စီးတီးအသင်းဟာ အတွေ့အကြုံများတဲ့ နောက်ခံလူ အဲလ်ဗက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။ အဲလ်ဗက်စ်ဟာ အခုအချိန်ထိ ကစားအားကောင်းနေဆဲဖြစ်ပြီး နည်းပြ ဂွာဒီယိုလာနဲ့ကလည်း အကြောင်းသိတွေ ဖြစ်ပါတယ်။ မန်စီးတီးဟာ အပြောင်းအရွှေ့မှာ အက်သလက်တီကိုက ရိုဒရီကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၆၂ ဒသမ ၈ သန်းနဲ့ခေါ်ယူထားပါတယ်။ ဒါ့အပြင် မန်စီးတီးဟာ ဘယ်နောက်ခံလူ အိန်ဂျလီနိုနဲ့ ဂိုးသမားစတက်ဖန်တို့ကိုလည်း ခေါ်ထားပါတယ်။

Via – Goalgoal